ဩဂုတ် 23, 2011

Environmental Essentials Company Limited နှင့် Yangon City Development Committee တို့ ပူးပေါင်း၍ ခြင်တိုက်ဖျက်ရေး စီမံချက်ကို ဆောင်ရွက်ခြင်း။

Environmental Essentials Company Limited နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာန တို့ ပူးပေါင်း၍ ခြင်တိုက်ဖျက်ရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

အဆိုပါ အခမ်းအနားပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်သို့ ရန်ကုန်မြို့တော်ဝန်ကြီး ဦးလှမြင့်မှ တက်ရောက်အားပေး ချီးမြှင့်ပေးခဲ့ပါသည်။

ခင်သာလောင်းနှိမ်နင်းအရည် Aquatain AMF တာဝန်ယူ ဖြန့်ချီသူ Mr. Jean Yves Hurbe နှင့်အတူ Environmental Essentials Company Limited တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များအား ခြင်သားလောင်း နှိမ်နင်းအရည် Aquatain AMF နှင့် စက်ပစ္စည်းများအား ကိုင်တွယ် အသုံးပြုပုံနည်းလမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

အဆိုပါ ကျွမ်းကျင်ဝန်ထမ်းများအား ပတ်ဝန်းကျင်ရှိ အေးဒီးစ် ခြင်များ ပေါက်ပွားပုံအဆင့်ဆင့် ရှာဖွေထောက်လှမ်းမှု နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

Agro Technic Pte Ltd (Singapore) မှ General Manager, Mr. Heng YiWei မှ ရန်ကုန်မြို့တော်ဝန်ကြီးအား ခြင်နှိမ်နင်းရေးသုံး မီးခိုးမှိုင်း ထုတ်စက် AF35 အသုံးပြုပုံ နည်းလမ်းစဉ်များကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပါသည်။

Mr. Heng YiWei မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကျွမ်းကျင်ဝန်ထမ်းများအား ခြင်နှိမ်နှင်းရေး သုံး မီးခိုးမှိုင်းထုတ်စက်များ ကိုင်တွယ်အသုံးပြုပုံ အဆင့်ဆင့်ကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

my_MMMyanmar