ကြွက်များ

ကြွက်များ၏ မူလသဘာဝ ဓလေ့စရိုက်အရ ထိန်းချုပ်ရန် အလွန်ခက်ခဲပါသည်။ ၎င်းတို့ တည်ရှိနေမှုကလည်း မိမိ၏ ပိုင်ဆိုင်မှုများကို ပြင်းထန်သော ခြောက်လှန့်မှု ဖြစ်ပေါ်စေပါသည်။

ကြွက်

ကြွက်များသည် ထောင်ချောက် နှင့် အစာအဆိပ်များချခြင်း ကဲ့သို့သော ကြွက်နှိမ်နင်းသည့် နည်းလမ်းများကို ပင်ကို ဓလေ့စရိုက်အရ သတိရှိကြသူများ ဖြစ်သည်။ ထပ်ခိုးများ၊ မြေအောက်တွင်းများ၊ ကွန်ကရစ်နှင့် အိမ်ရှေ့မျက်နှာစာအောက်ပိုင်းနေရာများ၊ နံရံရှိ အပေါက်များနှင့် အခြား ရှာဖွေရန် ခက်ခဲသောနေရာများတွင် အသိုက်ဖွဲ့တတ်ကြသည်။

ကြွက်များသည် ပုန်းအောင်း နေနိုင်ကြပြီး များစွာသော ရောဂါများကိုလည်း ကူးစက်ပျံ့ပွားစေပါသည်။ ထိုမှတစ်ဆင့် အိမ်တွင်းသို့ ကြွက်သန်းကဲ့သို့သော ရောဂါဖြစ်ပွားစေသည့် ကပ်ပါးကောင်များကိုလည်း စတင်ရောက်ရှိ ပျံ့ပွားစေနိုင်ပါသည်။

ကြွက်ငယ်

ကြွက်ငယ်များသည် အစာ၊ရေနှင့်နွေးထွေးမှု ရရန်အတွက် မိမိအိမ်ထဲသို့ ကျူးကျော်ဝင်ရောက် လာနိုင်ပါသည်။ သို့ဖြစ်၍ သင့်တော်သော ကြွက်နှိမ်နင်းမှု မပြုလုပ်ပါက ကြွက်အထီးအမတစ်စုံလျှင် လေးလအတွင်း သားပေါက် ၂၀၀ ခန့် ပေါက်ပွားနိုင်ပါသည်။

ကြွက်တစ်ကောင် စီတိုင်းသည် အစားအစာများကို စားသုံးပစ်ခြင်းထက် ညစ်ညမ်းပြီး အဆိပ်အတောက်ဖြစ်စေရန် ပြုလုပ်ပစ်ခြင်းက ပို၍များပါသည်။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ကြွက်များသည် အစာနှင့်ရေ ရှာဖွေရန်နှင့် တစ်ခါတစ်ရံ အမိုးအကာရရှိစေရန်အတွက် မိမိ အဆောက်အဦးတွင်းသို့ဝင်ရောက်နေထိုင်ခြင်းဖြစ်သည်။ထို့ကြောင့် သင့်လျော်ကောင်းမွန်သော အညစ်အကြေး စွန့်ပစ်မှု နှင့် အစားအစာများကို စနစ်တကျ ထားရှိသိုလှောင်မှုများ လိုအပ်ပါသည်။

ကျွန်ုပ်တို့ Environmental Essentials ၏ ကျွမ်းကျင်ပညာရှင်များသည် ကြွက်များ ကို ရှာဖွေနှိမ်နင်းရန် သို့ ကြွက်များ၏ လက္ခဏာ အမှတ်အသားများကို လေ့လာစူးစမ်းရှာဖွေရန်နှင့် လူကြီးမင်းတို့နေထိုင်ရာ အဆောက်အဦးများနှင့် ပြင်ပ ပတ်ဝန်းကျင်တို့အတွင်း ကြွက်များ၏ လူပ်ရှားမှု အလေ့အထများကို နည်းစနစ်တကျ ရှာဖွေနိုင်ရန် ကောင်းစွာ လေ့ကျင့်တတ်မြောက်ပြီးဖြစ်ပါသည်။

ကြွက်များကို ကာကွယ်နှိမ်နင်းရာတွင် ထောင်ချောက်များနှင့်အစာချခြင်းနည်းလမ်းများအား အသုံးပြုနှိမ်နင်းပါသည်။အခြားကာကွယ်ရေး နည်းလမ်းများအရ ကြွက်အန္တရာယ်မှ ကြိုတင်ကာကွယ်ထားခြင်း၊ သင့်လျော်ကောင်းမွန်သော အညစ်အကြေးစွန့်ပစ်စနစ်ကို အသုံးပြုဆောင်ရွက်ခြင်းတို့ဖြင့် ပေါက်ဖွားနှုန်းအားလျှော့ချစေနိုင်ပါသည်။

အကြံပြုချက်များ

အစားအစာများကို မြေကြီးနှင့် နီးကပ်စွာ မထားရှိရန် နှင့် နံရံမှ ခွာပြီး ထားရှိရမည်ဖြစ်ပါသည်။ ဤကဲ့သို့ထားရှိခြင်းဖြင့် ပိုးမွှားများ အစာရရှိစေရန် ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းကို လျှော့ချပေးပြီး သန့်ရှင်းမှု ဆိုင်ရာ ဆောင်ရွက်မှုများလည်း တိုးတက်လာစေမည်ဖြစ်ပါသည်။

ယင်ကောင်များ

အရေအတွက် ၁၀၀ ထက်ပိုသော ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများသည် ယင်ကောင်များနှင့် အတူ တွဲလျက်ပါရှိပါသည်။ ယင်း ပိုးမွှားများသည် လူသားနှင့်တိရစ္ဆာန်တို့ကို ရောဂါဆိုးများ ဖြစ်စေပါသည်။

(ဥပမာ- အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင်ရောဂါ၊ မျက်စိနဲ့ပတ်သက်သောရောဂါ၊ အကြောသေရောဂါ၊ တီဘီရောဂါ နှင့် ကလေး ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားစေပါသည်။) ယင်ကောင်များအား ကာကွယ်နှိမ်နင်းရန်အတွက် အညစ်အကြေး စွန့်ပစ်မှုမှာ အလွန်ပင် အရေးကြီးပါသည်။

ထို့အပြင် နည်းနစ်မှန်ကန်စွာ ခွဲခြားစိတ်ဖြာ လေ့လာသုံးသပ်မှုကလည်း ယင်ကောင်များကို ထိရောက်အောင်မြင်စွာ ကာကွယ်နှိမ်နင်းနိုင်ရေးတွင် မရှိမဖြစ် အရေးကြီးလှပါသည်။

ယင်ကောင်များအကြောင်းနှင့် ကိုင်တွယ် ဖြေရှင်းရေးဆိုင်ရာ အချက်အလက်များနှင့် အကြံပြုချက်များ

• မျိုးစိတ်ပေါ်မူတည်ပြီး ယင်ကောင်တစ်ကောင်၏ အသက်ရှင်နေထိုင်နိုင်မှုသည် ၈ ရက်မှ နှစ်လအထိ နေထိုင်နိုင်သည်။ အချို့မှာမူ တစ်နှစ်အထိ နေထိုင်နိုင်ကြသည်။
• ယင်ကောင်များတွင် အတောင်ပံ နှစ်ခု ပါရှိသည်။
• ယင်ကောင်တွေသည် ရေခဲဝင်ရိုးစွန်းဒေသများမှ လွဲပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် ယင်ကောင်နှင့်ပတ်သက်သော ရောဂါဆိုးများကို ဖြစ်ပွားစေနိုင်သည်။
• ယင်ကောင်အထီးနဲ့အမ တစ်စုံသည် အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ သားပေါက် ၁ သန်းကျော် ပေါက်ဖွားပေးနိုင်သည်။
• အရေအတွက် ၃၃ သန်းကျော်သော အလွန်သေးငယ်သည့် ပိုးမွှားလေးများသည် ယင်ကောင် တစ်ကောင်တည်း၏ အင်္ဂါအစိတ်အပိုင်းများတွင် ဖွံ့ဖြိုးကြီးထွားနေကြပြီး သန်း ငါးရာ သော အလွန်သေးငယ်သည့် ပိုးမွှားလေးများသည် ယင်ကောင်၏ ခန္ဓာကိုယ်နှင့် ခြေလက်များပေါ်တွင် လှုပ်ရှားပျံသန်း နေထိုင်တတ်ကြသည်။
• ယင်ကောင်များသည် ရောဂါဆိုးများကို ဖြစ်ပွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် ပုပ်သိုးဆွေးမြည့်ပြီး ရောဂါဖြစ်စေနိုင်သည့် ပြည့်လျှံနေသော အမှိုက်ပုံများမှ အဖုံးအကာမရှိဘဲ ထားရှိသော လူတို့၏ အစားအစာနှင့် မီးဖိုချောင်သုံး ပစ္စည်းများအထိ လျင်မြန်စွာ လှုပ်ရှားသွားလာနိုင်သောကြောင့်ဖြစ်သည်။
• ယင်ကောင်များတွင် အတောင်ပံ တစ်စုံ ပါရှိခြင်းကြောင့် ကြိုက်နှစ်သက်သည့် နေရာတွင် ဆင်းသက် နားနေနိုင်ပြီး နားနေကြိမ်တိုင်း ထိုနေရာပေါ်တွင် ထောင်ပေါင်းများစွာသော ဘက်တီးရီးယားများကို ချထားပေးနိုင်ပါသည်။
• ယင်ကောင်များသည် မြင်ကွင်းကနေပြီး ၁၉ ကြိမ်ခန့်လောက် ပျောက်ကွယ် ပုန်းခိုအောင်းနိုင်သည်။ ဤသို့ဖြင့် လူတို့သည် ယင်ကောင်များ ရှိနေသည့်တိုင် အလွယ်တကူ မမြင်နိုင်ချေ။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ယင်ကောင်များကို ထိရောက်စွာ ကာကွယ်နှိမ်နင်းမှု ပြုလုပ်မည်ဆိုလျှင် သင့်တော်မှန်ကန်သော အညစ်အကြေး စွန့်ပစ်မှု စနစ်ကို မဖြစ်မနေ ကျင့်သုံးရမည် ဖြစ်သည်။ ယင်ကောင်များနှင့် အခြားပျံသန်းပိုးမွှားများ အတွက်ဆိုလျှင် Environmental Essentials မှ အသုံးပြုသော ပိုးမွှားဖမ်း ထောင်ချောက် စက်ပစ္စည်းများမှာ နှိမ်နင်းရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်သည်။ နန်နိုမီတာဖြင့် တိုင်းတာ စစ်ဆေးခြင်းဖြင့် ကျွန်ုပ်တို့ မီးချောင်းများ၏ အကျိုးထိရောက်မှု နှင့် စွမ်းဆောင်ရည် တို့ကို အကောင်းဆုံး အဆင့်အတန်းသို့ ရောက်ရှိအောင် စဉ်ဆက်မပြတ် ထိန်းသိမ်းသွားနိုင်ပြီး မြင့်မားသော UVA ထုတ်လုပ်မှုကို သေချာထိရောက်စေမည် ဖြစ်သည်။

အများစု ယင်ကောင်များသည် တူညီသော နေရာတွင် တွေ့ရှိရမည် မဟုတ်ချေ။ ကျွန်ုပ်တို့ Environmental Essentials မှ ကျွမ်းကျင်ပညာရှင်များသည် ယင်ကောင်များ ပေါက်ဖွားမှုကို လေ့လာရှာဖွေရန် နှင့် အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာပြီး ထိရောက်စွာ နှိမ်နင်းဖယ်ရှားပေးနိုင်ရန်အတွက် စနစ်တကျ လေ့ကျင့် သင်ကြားတတ်မြောက်ပြီး ဖြစ်သည်။

ပိုးဟပ်များ

ပိုးဟပ်မျိုးစိတ်ပေါင်းများစွာထဲတွင် German cockroach သည် လူ့ပတ်ဝန်းကျင်နှင့် နေအိမ်အတွင်းရှိနေတတ်ခြင်းကြောင့် လူတို့အား အချိန်ကြာကြာ စိတ်ဒုကွှပေးတတ်သော ပိုးမွှားတစ်မျိုးဖြစ်ပါသည်။

ပိုးဟပ်များနှင့် ဆက်နွယ်နေသောပြဿနာများ

ပိုးဟပ်များသည် အိမ်၊ ကျောင်း၊ စားသောက်ဆိုင်၊ ဆေးရုံ၊ သိုလှောင်ရုံ၊ ရုံးခန်းများ နှင့် အစားအစာ ပြင်ဆင်သည့်နေရာများ သို့မဟုတ် အစားအစာ သိုလှောင်သည့် မည်သည့်နေရာမျိုးတွင်မဆို တည်ရှိနေနိုင်သည့် ပိုးမွှားများ ဖြစ်ကြသည်။ ပိုးဟပ်များသည် အစားအစာများကို ညစ်ညမ်းစေပြီး မီးဖိုချောင်ရှိ အစာများ စားသုံးခြင်း၊ အဝတ်အထည်များနှင့် စာရွက်စာတမ်းများအား ဖျက်ဆီးခြင်း၊ စွန်းထင်းညစ်ပေမှုများ ဖြစ်ပေါ်စေခြင်း နှင့် ၎င်းတို့ ထိတွေ့ သည့်မျက်နှာပြင်များတွင် နှစ်မြို့ဖွယ်မကောင်းသော အနံ့ကိုလည်း ဖြစ်ပေါ်စေသည်။

လူတို့သည် မိမိတို့နေအိမ်နှင့် မီးဖိုချောင်တွင် တွေ့ရှိရသော ပိုးဟပ်များကို တွန်းလှန်နှင်ထုတ်ကြသည်။ ပိုးဟပ်များသည် (အထူးသဖြင့် အမေရိကန် ပိုးဟပ်များသည်) မိလ္လာကန်များထဲရှိ လူတို့၏ အညစ်အကြေးများနှင့် တိရစ္ဆာန်များ၏ အညစ်အကြေးများနှင့် ထိတွေ့ပြီး ဝင်ရောက်လာကာ အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေသည့် ဘက်တီးရီယားပိုးများကို သယ်ဆောင်ပျံ့ပွားစေသည်။

ဂျာမန်ပိုးဟပ်များသည် ရောဂါများကိုဖြစ်ပွားစေသည့် ပိုးမွှားများကို ကူးစက်ပျံ့ပွား စေနိုင်ပါသည်။ အူရောင်ငန်းဖျားရောဂါနှင့် ဝမ်းကိုက်ရောဂါများကို ပျံ့နှံ့ဖြစ်ပွားစေမှုတွင်လည်း ပါဝင်ပတ်သက်ပါသည်။ အိမ်တွင်းပိုင်း ပိုးဟပ်များ နှောင့်ယှက်ဖျက်ဆီးမှုသည် ဓာတ်မတည့်မှု ဖြစ်ပွားစေသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်ပါသည်။ နေအိမ်ရှိ လူများအတွက်လည်း ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ပိုးဟပ်များ တည်ရှိနေမှု အခြေအနေနှင့် ဓာတ်မတည့်မှု အခြေအနေများမှာ ပိုးဟပ်များ၏ အရေအတွက်၊ အိမ်၏ ညစ်ပတ်ဆိုးဝါးမှု အတိုင်းအတာ၊ အညစ်အကြေး စွန့်ပစ်မှု အခြေအနေတို့နဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပါသည်။

ပိုးဟပ်များသည် အပြင်ဘက်တွေမှာ နေထိုင်လေ့ရှိကြပြီး အဆောက်အဦးအပြင်ဘက်ရှိ အင်္ဂတေ အကာအရံ တွေ မှာလည်း နေထိုင်လေ့ရှိကြသည်။ တစ်ခါတစ်ရံမှာသာလျှင် အဆောက်အဦးတွင်းသို့ ကျူးကျော် ဝင်ရောက် လာခြင်းဖြစ်သည်။ ပိုးဟပ်များကို အထိရောက်ဆုံးကာကွယ်နှိမ်နင်းနိုင်မှု နည်းလမ်းများကို ရွေးချယ်နိုင်ရန် ပိုးဟပ် မျိုးစိတ်များကို မှန်ကန်စွာ ခွဲခြားနိုင်မှုမှာ အရေးကြီးပါသည်။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ပိုးဟပ်များ ရှင်သန်ရန် အစားအစာ၊ ရေနဲ့ အမိုးအကာတွေကို ထောက်ပံ့ဖြည့်ဆည်းပေးနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းနေစေရန် သင့်လျော်မှန်ကန်စွာ စီမံဆောင်ရွက်မှုမှာ မိမိနေအိမ်သို့ ဝင်လာနိုင်သည့် ပိုးဟပ်တစ်ကောင်၏ နှောင့်ယှက်ဖျက်ဆီးမှုမခံရစေရန် အရေးတကြီး စဉ်းစားရမည့် အချက်ဖြစ်သည်။

ကျွန်ုပ်တို့ Environmental Essentials သည် လူကြီးမင်းတို့၏ မီးဖိုချောင်ထဲနှင့် အစားအစာ ပြုလုပ်ပြင်ဆင်သည့်နေရာများတွင် ရှိနေသည့် ဂျာမန်ပိုးဟပ်များကို နှိမ်နင်းနိုင်သည့် ထိရောက်ကောင်းမွန်သော အစာချနှိမ်နင်းခြင်းကို အသုံးပြု နှိမ်နင်းပါသည်။ ထိုစနစ်မှ ဖန်တီးဖြစ်ပေါ်လာသော ဒိုမီနိုအကျိုးသက်ရောက်မှု (အဆင့်ဆင့် သေဆုံးမှု)သည် ဂျာမန်ပိုးဟပ်များကို သေကြေပျက်စီးစေပါသည်။ ဤကဲ့သို့ ကောင်းမွန်ထိရောက်သော နည်းစနစ်သည် Environmental Essentials ၏ အကောင်းမွန်ဆုံးနှင့် အအောင်မြင်ဆုံး စနစ်အမှတ်အသားပင် ဖြစ်ပါသည်

အကျိုးအာနိသင်ကျန်ရှိနေမည်ဖြစ်သော ပိုးမွှားနှိမ်နင်းရေးနည်းလမ်းကို အမေရိကန် ပိုးဟပ်မျိုးကဲ့သို့သော ပိုးဟပ်များအတွက် အမြဲတမ်း ထည့်သွင်း စဉ်းစားပြုလုပ်ပေးခြင်း ဖြစ်သည်။

လူကြီးမင်းတို့၏ အဆောက်အဦး အနှံ့အပြား စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် အဆိုပါနည်းလမ်းများဖြင့် ဆောင်ရွက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

ခြင်များ

ခြင်နှင့်ပတ်သက်သည့် အချက်အလက်များ

အရွယ်ရောက်ပြီး ခြင်များသည် သေးငယ်ပြီး နုနယ်ကာ အတောင်တစ်စုံ ပါရှိသည့် ယင်ကောင်ကဲ့သို့ ပုံစံမျိုး ဖြစ်သည်။ မြင်မြင်ချင်းတွင် ၎င်းခြင်များအား မကိုက်တတ်သာ အင်းဆက်ပိုးကောင်လေးများ အဖြစ် ထင်ကောင်းထင်ပါ လိမ့်မည်။

သို့သော်ငြားလည်း ခြင်မများသည် အသွင်တူသည့် အင်းဆက်ကောင်များနှင့် ကွဲပြားခြားနားပါသည်။ ၎င်းတို့တွင် ရှည်လျားသွယ်လျသော နှာမောင်းပါရှိပြီး အရေပြားကို ထိုးဖောက်ရန်နှင့် သွေးများကို စုပ်ယူနိုင်ရန် အတွက် လိုအပ်သလို အသုံးပြုနိုင်သော ရှည်လျားလုံးဝန်းသော အစာဖြည့်ဆည်းသည့် အင်္ဂါအစိတ်အပိုင်း ပါရှိသည်။

အကယ်၍ လက်ကိုင်မှန်ဘီလူးတစ်ခုနှင့် ခြင်တစ်ကောင်ကို ကြည့်မည်ဆိုရင် အခြားပုံစံတူ ဖြစ်သည့် ယင်ကောင်များနှင့် ကွဲပြားခြားသည့် လက္ခဏာဖြစ်သော ခြင်များ၏ ရှည်လျား သွယ်လျသည့် အတောင်ပံများအား သေးငယ်သော အပြားလေးများဖြင့် ဖုံးအုပ်ထားခြင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ခြင်ထီးများတွင်လည်း အမာခံသေးငယ်သော အပြားလေး ဖုံးအုပ်ထားသည့် အတောင်ပံများကို တွေ့မြင်ရမည်ဖြစ်သော်လည်း ၎င်းတို့၏ နှာမောင်းများဖြင့် သွေးစုပ်ခြင်းထက် အပင်မှ ရရှိသော အရည်နှင့် ချိုသော အခြားအရင်းအမြစ်မှ အရည်များကို စုပ်ယူရန်အတွက်သာလျှင် အသုံးပြုသည်။

ခြင်ပိုးတီလေးများသည် အနက် သို့ အညိုရောင် ရှိပြီး ရေသေ သို့ ရေကန်မျက်နှာပြင်ရှိ ငြိမ်သက်နေသော ရေပြင်နား၊ သစ်ပင် အပေါက်များကြား သို့မဟုတ် စွန့်ပစ်ထားသော တာယာများကဲ့သို့သော ရေကျန်ရစ်ခဲ့နေ နိုင်သည့်နေရာများတွင် ပေါက်ဖွား ကြီးပြင်းကြသည်။ ကျူးလက်စ် နှင့် အေဒီးစ် ခြင်များ၏ ပိုးတီများတွင်မူ ၎င်းတို့၏ ခန္ဓာကိုယ် အနောက်ပိုင်းတွင် ကွဲပြားခြားနားသော လေပြွန် တစ်ခု ပါရှိသည်။ အနော်ဖလီးစ် ခြင်များတွေမူ မပါရှိချေ။

အရွယ်မရောက်သေးမီ နောက်အဆင့်တစ်ခုဖြစ်သည့် ပိုးလောက်လန်းလေးများသည် ရေနေသတ္တဝါလေးများ ဖြစ်ကြပြီး သေးငယ်သော ကွန်မာ ပုံစံမျိုး ရှိကြသည်။ အများအားဖြင့် အမည်းရောင် ဖြစ်ကြသည်။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ကျွန်ုပ်တို့ Environmental Essentials အနေဖြင့် ခြင်များနှင့်ပတ်သက်သည့် အကြောင်းအရာများအား လေ့လာစူးစမ်းပြီးဖြစ်ပြီး ကာကွယ်နှိမ်နင်းမှုဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း ထိရောက်စွာ လုပ်ဆောင်နေပြီ ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် ခြင်များပေါက်ဖွားနိုင်မည့် ရေသေနေရာမျိုးအား အဓိက ဖယ်ရှားပြုပြင်နိုင်ရန် အကြံပြုတင်ပြပေးသွားမည် ဖြစ်ပါသည်။

အရွယ်ရောက်ပြီး ခြင်များကို နှိမ်နင်းရန် လိုအပ်သော ခြင်နှိမ်နင်းဆေးများကို ထိရောက်စွာ အသုံးပြုပေးသွားမည် ဖြစ်သည်။

ခြများ

ခြများအကြောင်း

ခြများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ ကျော်ကတည်းက ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေကြခြင်း ဖြစ်သည်။ ခြများသည် ပတ်ဝန်းကျင်ရှိ ဆွေးမြည့်နေသော သစ်သားများကို ဖျက်ဆီးရှင်းလင်းပေးခြင်းဖြင့် အကူအညီ ပေးနိုင်သော်လည်း ထိုကဲ့သို့ သစ်သားများအား ဖျက်ဆီးနိုင်သည့် ပိုးမွှားများသည် လူကြီးမင်းတို့၏ နေအိမ်များကို ပြင်းထန်သော ပျက်စီးဆိုးရွားမှုများကို ဖြစ်ပွားစေနိုင်ပါသည်။ " တိတ်ဆိတ်စွာ နှောင့်ယှက်ဖျက်ဆီးသူများ" ဟု သိကြသည့် ခြများသည် လူကြီးမင်းတိုအဆောက်အဦး၏ နံရံ၊ မျက်နှာကျက်နှင့် ကြမ်းပြင်စသည့် သစ်သားအခြေခံ ပြုလုပ်ထားသော အရာများကို တဖြည်းဖြည်းခြင်း စားသုံးတတ်သည့် အပြုအမူအလေ့အထ လက္ခဏာကို အနည်းငယ်သာ ချန်ထားပြသတတ်ပါသည်။

ထိုကဲ့သို့ ဆိုးရွားစွာဖြင့် ခြများ၏ အပြုအမူကို တစ်ကြိမ်မြင်လိုက်ရပြီ ဆိုပါက မိမိအဆောက်အဦးသည် ခြများ၏ ဖျက်ဆီးမှုဒဏ်ကို ခံရပြီး ဖြစ်နေပါလိမ့်မည်။

ခြအမျိုးအစားတိုင်းသည် ရာသီဥတုအမျိုးမျိုးနှင့် အစားအသောက်အမျိုးမျိုးကို စားသုံးပြီး ဖွံ့ဖြိုးကြီးထွားနိုင်သည်။ ခြများအားလုံးသည် အသက်ရှင်နေထိုင်ရန်အတွက် အစာ၊ အစိုဓာတ်၊ အမိုးအကာနှင့် သင့်တော်ကောင်းမွန်သည့် အပူချိန်ကို လိုအပ်ပါသည်။ သို့ဖြစ်၍ ခြများ ဝင်ရောက်ခိုအောင်းဖျက်ဆီးရန် သင့်တော်သော နေရာ အနေအထားမျိုး ဖြစ်နေပါသည်။

ခြများသည် ပျမ်းမျှအားဖြင့် 1cm အရှည်သာ ရှိသော်လည်းဘဲ ၎င်းတို့၏ စားသောက်မှု အလေ့အထကြောင့် လူကြီးမင်းတို့၏ ပိုင်ဆိုင်မှုများကို များစွာ ဆုံးရှုံးပျက်စီးစေနိုင်ပါသည်။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ခြများ၏ အသက်ရှင်နေထိုင်မှုပုံစံကို မပြောင်းလဲပါက ခြကာကွယ်နှိမ်နင်းမှု စနစ်သည် ပြည့်စုံအောင်မြင်မည် မဟုတ်ချေ။

ကျွန်ုပ်တို့ Environmental Essentials သည် ခြ များကို လေ့လာစူးစမ်းရှာဖွေသည့် ခေတ်မီ နည်းပညာရပ်များကို အသုံးပြုပြီး လူကြီးမင်းတို့၏ အဆောက်အဦးအတွင်း ခြများတည်ရှိနေမှုကို စုံစမ်းဖော်ထုတ် ပေးသွားမည် ဖြစ်သည်။

ခြကာကွယ်နှိမ်နင်းမှု နည်းလမ်းများသည် အဆောက်အဦးများ ဆောက်လုပ်ပြီးနှင့် မဆောက်လုပ်ခင် အခြေအနေပေါ် မူတည်ပြီး ကွဲပြားပါသည်။ အနာဂတ်တွင် သင့်တော်သည့် မဆောက်လုပ်ခင် အဆောက်အဦးများ အတွက် ခြကာကွယ်နှိမ်နင်းမှု နည်းစနစ်သည် ခြအန္တရာယ်ကို လျှော့ချရန် မရှိမဖြစ် လိုအပ်လာမည်ဟု ယုံကြည်ပါသည်။

ပုရွက်ဆိတ်များ

ပုရွက်ဆိတ် များအကြောင်း

ပုရွတ်ဆိတ်များသည် မိမိအိမ်အတွင်း အပျံ့အနှံ့ဆုံးသော ပိုးမွှားများ ဖြစ်ကြသည်။ ပုရွက်ဆိတ်များကို စားသောက်ဆိုင်များ၊ ဆေးရုံများ၊ ရုံးခန်းများ၊ သိုလှောင်ရုံများနှင့် ပုရွက်ဆိတ်များ အစာနှင့်ရေကို ရှာဖွေနိုင်မည့် အခြားအဆောက်အဦးများတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

အဆောက်အဦးအတွင်းတွင် ပုရွတ်ဆိတ်များသည် သကြား၊ အချိုရည်၊ ပျားရည်၊ သစ်သီးဖျော်ရည်၊ အဆီ နဲ့ အသားများကို စားသုံးကြသည်။ ထောင်ပေါင်းများစွာသော ပုရွတ်ဆိတ်များ၏ လမ်းကြောင်းရှည်များသည် အသိုက်မှ အစားအစာ အရင်းအမြစ်ဆီသို့ ဦးဆောင်နေပါသည်။ အဆောက်အဦးအတွင်း နေထိုင်သူများအား ပူပန်စိုးရိမ်စရာ ဖြစ်ပေါ်စေပါသည်။

ပုရွက်ဆိတ်များသည် မြေကြီးထဲတွင် အသိုက်ဖွဲ့လေ့ရှိပြီး မျိုးစိတ်ပေါ်မူတည်၍ အသိုက်ပြုလုပ်ရာ နေရာများလည်း ကွဲပြားခြားနားကြသည်။ ပုရွက်ဆိတ်များသည် အဆောက်အဦး ဘေးဘက်၊ ဘေးလျှောက်လမ်း တစ်လျှောက် သို့ အစားအစာအရင်းအမြစ်များနှင့် နီးကပ်စွာ ရှိနေသည့် နေရာမျိုးတွင် တွေ့ရှိရသည်။ ပုရွက်ဆိတ်များသည် သစ်သားပြားများ၊ ကျောက်တုံးများ၊ အပင်နှင့် သစ်ငုတ်တိုများ အောက်ဘက်နှင့် တစ်ခါတစ်ရံ အဆောက်အဦးနှင့် အခြားကာကွယ်ထားသော နေရာများ အောက်ဘက်တွင် အသိုက်ဆောက်တတ်ကြသည်။

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ကျွန်ုပ်တို့ ကျွမ်းကျင်ပညာရှင်များအနေဖြင့် လူကြီးမင်းတို့ နေထိုင်သော နေရာများတွင် အစားအစာအကြွင်းအကျန်များ ရှင်းလင်းနေစေရန်၊ ပေကျံနေသော မီးဖိုချောင်သုံးပစ္စည်းများနှင့် ခြောက်သွေ့အောင် သုတ်ထားသော ပန်းကန်ဆေးကန်ပေါ်မှ ပိုလျှံနေသော ရေများကို ဆေးကြောသန့်စင်ရန် အကြုံပြုတင်ပြပေးသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ Environmental Essentials အနေဖြင့် မိမိတို့၏ ပုရွက်ဆိတ်အစာချ နှိမ်နင်းခြင်း နည်းစနစ်မှ တစ်ဆင့် ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်မည်ဟု ယုံကြည်ပါသည်။ ပုရွက်ဆိတ်များသည် ယင်းအစာအဆိပ်ကို ၎င်းတို့၏ အသိုက်ထဲသို့ သယ်ဆောင်သွားမည် ဖြစ်ပြီး ဤကဲ့သို့ သယ်ဆောင်သွားခြင်းဖြင့် ကျန်ရှိနေသေးသော ၎င်းတို့၏အုပ်စုတစ်ခုလုံးကို ရှင်းလင်းသုတ်သင်နိုင်မည်ဖြစ်သည်။

ကြမ်းပိုးများ

ကြမ်းပိုးများသည် သေးငယ်သော ပိုးမွှားများဖြစ်ပြီး တိရစ္ဆာန်နှင့် လူတို့၏သွေးကို စားသုံးကြသည်။ အဆိုပါ အင်းဆက်များသည် ရာစုနှစ်ခန့်ကြာအောင် တည်ရှိနေကြခြင်းဖြစ်သည်။

အကိုက်ခံရသည့်တိုင်အောင် သတိထားမိခြင်းမရှိသည့် လူများအတွက် သွေးစုပ်စားသုံးရန် ကောင်းကောင်း ပြုမူလုပ်ဆောင်နိုင်စွမ်း ရှိသည်။

ကြမ်းပိုးများသည် လူတို့ ငြိမ်သက်စွာ ထိုင်နေသည့်အချိန် သို့ အိပ်စက်နေသည့်အချိန်များတွင် စတင်သွေးစုပ် စားသုံးကြပြီး အထူးသဖြင့် ညဘက်တွင် တက်ကြွစွာ လှုပ်ရှားကြသည်။

ကြမ်းပိုးများသည် တစ်နှစ်ကြာ အစာမစားသော်လည်းရှင်သန်နိုင်ပြီး မျိုးပွားနိုင်စွမ်းရှိသော ပိုးမွှား အမျိုးအစား ဖြစ်ပါသည်။

ကြမ်းပိုးနှင့်ပတ်သက်သည့် အချက်အလက်များ

ယနေ့အခါတွင် လူတို့သည် ကြမ်းပိုးနှင့်ပတ်သက်ပြီး လျစ်လျူရှုနေကြဆဲပင် ဖြစ်သည်။ အချို့သော လူများသည် ၎င်းတို့၏ အိမ်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားနိုင်ခြင်းဖြင့် ကြမ်းပိုးပြဿနာကို ကာကွယ် တားဆီးနိုင်မည်ဟု ယုံကြည်ကြသည်။ယင်းမှာ မှားယွင်းသော အယူအဆပင် ဖြစ်သည်။ ယေဘူယျအားဖြင့် ကြမ်းပိုးသည် အဆင့်အတန်းနိမ့်ပါးစွာနေထိုင်ကြသော လူများအတွက် ပြဿနာတစ်ခု ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ထိုအယူအဆသည်လည်း မှန်ကန်ခြင်းမရှိချေ။ မည့်သည့်အိမ် သို့ အဆောက်အဦး တွင်မဆို မည်မျှပင် သန့်ရှင်းသပ်ရပ်နေသည်ဖြစ်ပါစေ ကြမ်းပိုးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
ကြမ်းပိုးများသည် ၎င်းတို့ အသိုက် ကို ဆန့်ကျင်ပြီး အုပ်စုသေးသေးလေးများဖွဲ့ကာ ယေဘူယျအားဖြင့် နေထိုင်နိုင်ကြသည်။ ကြမ်းပိုးများသည် လျှင်မြန်စွာ မျိုးပွားနိုင်ကြပြီး တိုတောင်းလှသော သက်တမ်းအတွင်း ဥပေါင်း ၅၀၀ ထိအောင် မျိုးပွားနိုင်ကြသည်။
ကြမ်းပိုးများသည် ညဘက်တွင် လူတို့ သွေးကို စုပ်ယူစားသုံးရန် တွားသွားကြသည်။ လူတွေ၏ အရေပြားအတွင်းသို့ ၎င်းတို့၏ နှာမောင်းများဖြင့် ထိုးသွင်းလိုက်ကြပြီး သွေးကို စုပ်ယူစားသုံးကြသည်။ ထိုကဲ့သို့ စားသုံးမှု ဖြစ်စဉ်သည် ၂ မိနစ်ကနေ အများဆုံး ၁၀မိနစ်အထိသာ ကြာမြင့်သည်။
အကိုက်ခံရပြီး နောက်ပိုင်းရက်များတွင် လူတော်တော်များသည် ယားယံခြင်း သို့ အနာအဖုအပိန့် အမှတ်အသားများ ကျန်ရစ်ခဲ့ကြသည်။ အချို့သောသူတွေက အဆိုပါ အမှတ်အသားများသည် ကြမ်းပိုး ကိုက်ခံရခြင်းမှ ဖြစ်ပေါ်လာခြင်းကို နားလည်သဘောပေါက်ခြင်း မရှိဘဲ ခြင်ကိုက်၍ ဖြစ်ပေါ်လာသည်ဟု ယူဆထားကြသည်။

အောက်ပါအချက်အလက်များသည် ကြမ်းပိုးကိုက်ခံရခြင်းမှ ဖြစ်ပေါ်လာသော လက္ခဏာများဖြစ်ကြသည်။

• မွေ့ရာခင်းပေါ်တွင် သွေးစသွေးနများ တွေ့ရှိရခြင်း။

• အိပ်ရာပေါ်တွင် အမည်းရောင်အစွန်းအထင်း အမှတ်အသားများ ကျန်ရှိနေခြင်း (ပိုးမွှား၏ မစင်များ)

• အခန်းထဲတွင် နှစ်လိုဖွယ်ကောင်းသော သို့ အောက်သိုးသိုး အနံံ့တစ်ခု ရနေခြင်း ( ပိုးမွှားများ၏ အနံ့ထုတ်လုပ်သည့် အကျိတ်များမှ ထုတ်လွှတ်ခြင်းဖြစ်သည်။)

• အရေခွံလဲခြင်း သို့ ဝမ်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အစွန်းအထင်းများ

ကြမ်ပိုးအား တွေ့ရှိရတတ်သည့် နေရာများ

• မိသားစုတစ်စု အိမ်များ

• မိသားစုများ စုနေသော အိမ်များ

• တိုက်ခန်းများ၊ ကွန်ဒိုများ စသည့် စုပေါင်း အိမ်ယာများ

• ကျောင်းများ

• ဟိုတယ်၊ မိုတယ်များ

• ဆေးရုံများ

• အိပ်ဆောင်များ

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

ကြမ်းပိုးများ အန္တရာယ်မှ ကာကွယ်နှိမ်နင်းနိုင်ရန် အိမ်တွင်းထိန်းသိမ်းစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားစွာ ထားရှိရန်နှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု ကို ကောင်းစွာ ထိန်းသိမ်းရန် လိုအပ်ပါသည်။

ကြမ်းပိုးများ ပုန်းခိုအောင်းခြင်း မရှိနိုင်စေရန် အက်ကွဲကြောင်းများနှင့် အပေါက်များ ကို ပိတ်ဆို့ထားရပါမည်။ ကျွန်ုပ်တို့ Environmental Essentials မှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် အဆောက်အဦးတစ်ခုလုံးကို သေချာစွာလေ့လာ စုံစမ်းထောက်လှမ်းသွားမည် ဖြစ်ပြီး ကာကွယ်နှိမ်နင်းမှု လုပ်ငန်းစဉ်များအားလည်း အားသွန်ခွန်စိုက် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ကာကွယ် နှိမ်နင်းမှုသည် နာရီပေါင်းများစွာ ကြာသည့်တိုင်အောင် တည်ရှိနေမည် ဖြစ်သည်။

Earwigs

Different species of earwigs live in different places. However, most earwigs prefer to live in damp, dark places that go undisturbed. Earwigs tend to live outside, but can become an issue if they start seeking shelter inside your home.

Earwigs are nocturnal. During the day, they hide. Earwigs feed on decaying organic matter and vegetation. They also feed on other smaller insects. Earwigs typically enter a home in order to find food or escape poor weather conditions. They will infiltrate your home via unsealed cracks or small openings. You’ve probably heard the myth that earwigs crawl into people’s ears while they are sleeping. This is an urban legend that has no scientific evidence to support it. In actuality, earwigs are pretty much harmless to humans.

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

EECL controls earwigs in and around homes using the best industry methods. Our technicians conduct a thorough investigation and customize a solution specifically for your property’s needs. EECL’s treatments ensure your home will be protected from earwigs as well as other pests. You’ll receive the best customer service and convenient, effective treatments to remove and prevent earwig infestations with EECL by your side.

Millipedes

Millipedes live on the ground in areas with lots of moisture. Wet plant matter, especially decaying vegetation and mulch, is a millipede’s ideal living condition. Millipedes are arthropods, not insects—they’re also invertebrates. They have a cylindrical exoskeleton and eat decomposing plant matter.

Millipedes usually enter homes because they were driven out of their natural habitat. Areas with high levels of moisture let these pests survive indoors. With the right conditions, millipede infestations can grow quickly. These pests can damage plants and make your house uncomfortable.

ကျွန်ုပ်တို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါသနည်း။

Stop millipedes from getting into your home with convenient, professional pest management from EECL. Our technicians start with a thorough inspection of your property, inside and out. EECL designs a plan to remove and prevent infestations, tailored specifically for the size and shape of your house. EECL’s treatments ensure your home will be protected from millipedes as well as other pests.