ဖေ‌ဖော်ဝါရီ 15, 2012

အရည်အသွေးမြင့် ပိုးမွှားနှိမ်နင်းရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းသုံး စက်ပစ္စည်းများဆိုင်ရာ ဆွေးနွေးပွဲကို ဆောင်ရွက်ခြင်း။

အရည်အသွေးမြင့် ပိုးမွှားနှိမ်နင်းရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် စက်ပစ္စည်းများဆိုင်ရာ ဆွေးနွေးပွဲကို ဆောင်ရွက်ခြင်း။ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်

မန္တလေးမြို့တော်ခန်းမတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ပြီး အဆိုပါဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းများမှ တာဝန်ရှိ လူကြီးမင်းများ၊ စားသောက်ကုန်လုပ်ငန်းအသီးသီးမှ တာဝန်ရှိ လူကြီမင်းများ၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသီးအသီးမှ အကြီးအကဲများနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ လူကြီးမင်းများ တက်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်။

Environmental Essentials Company အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ဝန်းကျင်တို့တွင် ပိုးမွှားများကြောင့် ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါဆိုးများ အန္တရာယ် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်အား အဓိက အလေးထားနိုင်စေရေးအတွက် ရည်ရွယ်ကာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

my_MMMyanmar